Tuesday, 6 August 2019

နောက်ဆုံးတောင်းဆိုချက်

နေနိုင်သွားပြီဆိုတဲ့နောက်မှာ

နေတတ်အောင်သင်ပေးခံရပြီး

နေတတ်အောင်ကြိုးစားခဲ့ရလို့

မျက်ရည်တွေထိခမ်းသွားခဲ့တာလည်း

ဖြစ်ကောင်းဖြစ်နိုင်တယ်။

ပြုံးပျော်နေတာဟာလည်း

ကျွမ်းကျင်သွားတဲ့ ဟန်ဆောင်တတ်ခြင်း ပညာ

ဖြစ်နိုင်တာပဲ။

တကယ်တော့ ပစ်ထားခံရတဲ့အချိန်တွေဆိုတာ

အရမ်းနာကျင်ခဲ့ရပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီအချိန်မှာ

ဆွဲမှမြဲမယ့်လက်တွေဝေးပါစေ ဆုတောင်းကို

မင်းပါရမီ ဖြည့်ပေးခဲ့ပါ။

Than Htike Aung-Sync

No comments:

Post a Comment